ဘဝအလင်း

"ဒေသခံများ ဦးဆောင်သော လုပ်ဆောင်မှုများ။

ပိုမိုခိုင်မာအားကောင်းသော ရပ်ရွာလူထုအဖွဲ့များ။ 

 ပိုမိုတောက်ပသော အနာဂတ်များဆီသို့။"

 ဘဝအလင်းဖွံ့ဖြိုးရေးအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာလူထုအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ အကျပ်အတည်းအခြေအနေများကို တုံ့ပြန်ဖြေရှင်းခြင်း၊ ဒေသခံများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးခြင်းနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

မဟာဗျူဟာ မူဘောင်

စနစ်များကို အားကောင်းခိုင်မာစေခြင်း | ပြည်သူအများကို ကာကွယ်စောင့်ရှောက်ခြင်း | ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ခြင်း

ဘဝအလင်းဖွံ့ဖြိုးရေးအသင်း၏ မဟာဗျူဟာစီမံကိန်းသည် ဒေသန္တရစနစ်များကို အားကောင်းခိုင်မာစေရန်၊ ထိခိုက်လွယ်သော ပြည်သူအများကို ကာကွယ်စောင့်ရှောက်ရန်၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်မှုကို တိုးချဲ့ရန်၊ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးရန်နှင့် ရေရှည်တည်တံ့သော ကိုယ့်အားကိုယ်ကိုးနိုင်မှုရရှိစေရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လမ်းညွှန်ပေးပါသည်။

 

 ကျွန်ုပ်တို့၏ အဓိက မဟာဗျူဟာဦးစားပေးလုပ်ငန်း နယ်ပယ် (၅) ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

 ၁. အဖွဲ့အစည်းနှင့် စနစ်များ အားကောင်းခိုင်မာရေး (Institutional & Systems Strengthening)

 ၂. ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဘဝသာယာဖူလုံရေး (Protection & Social Well-being)

 ၃. ကြံ့ကြံ့ခံနိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရေး (Resilient Livelihoods & Economic Empowerment)

 ၄. အခြေခံဝန်ဆောင်မှုများနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေး (Basic Services & Community Resilience)

 ၅. လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး — စာတတ်မြောက်မှု၊ ဘဝရပ်တည်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အဆင်သင့် ဖြစ်မှု (Lသုံးလုံး ချဉ်းကပ်လုပ်ဆောင်မှု) (Human Capital Development - Literacy, Life Skills and Livelihood Readiness - 3L Approach)

 အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့

 စနစ်များကို အားကောင်းခိုင်မာစေရန်၊ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုများ တည်ဆောက်ရန် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါစို့။

 

 ကျွန်ုပ်တို့နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန်

  အီးမေးလ်: info@life-dev.org

 ဝက်ဘ်ဆိုက်: www.life-dev.org