ဒေသခံများ၏ ဦးဆောင်မှုဖြင့် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများဖော်ဆောင်ကာ ပိုမိုအားကောင်းသော ရပ်ရွာလူထုအဖွဲ့များဆီသို့
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာလူထုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို တုံ့ပြန်ကူညီခြင်း၊ ဒေသခံများ၏ စွမ်းဆောင်ရည်များ မြှင့်တင်အားဖြည့်ခြင်း၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် ဒေသခံများ၏ ဦးဆောင်မှုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေး၊ ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီရေးလုပ်ငန်းများမှတစ်ဆင့် ထိခိုက်လွယ်သော ရပ်ရွာလူထုများ၏ လူမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် ရေရှည်အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် ငလျင်ဘေးသင့် ရပ်ရွာလူထုအဖွဲ့များ၊ World Vision Myanmar နှင့်အတူ လက်တွဲပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီးအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅–၂၀၂၆ ခုနှစ်ကာလအတွင်း ဘဝအလင်း ဖွံ့ဖြိုးရေးအသင်း၏ ငလျင်ဘေးတုံ့ပြန်ကူညီရေး စီမံကိန်းများတွင် ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ စဉ့်ကိုင်၊ ပြည်ကြီးတံခွန်နှင့် ကျောက်ဆည်မြို့နယ်တို့ကို လွှမ်းခြုံသည့် စီမံကိန်း (၆) ခု ပါဝင်ပါသည်။
အဆိုပါ စီမံကိန်း (၆) ခု၏ ပံ့ပိုးကူညီရန် လျာထားသည့် အကျိုးခံစားခွင့်ရှိသူဦးရေ စုစုပေါင်းမှာ ၅၅,၄၆၉ ဦး ဖြစ်ပြီး စီမံကိန်းဘတ်ဂျက် စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော် ဖြစ်ပါသည်။
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် ဒေသခံများ၏ ဦးဆောင်ပါဝင်မှုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံကာ ငလျင်ဘေးသင့် ရပ်ရွာလူထုအဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
ငလျင်ဘေးတုံ့ပြန်ကူညီရေးစီမံကိန်းများ - ၆ ခု
ပံ့ပိုးကူညီရန် လျာထားသည့် အကျိုးခံစားခွင့်ရှိသူဦးရေ- ၅၅,၄၆၉ ဦး
စီမံကိန်းဘတ်ဂျက် စုစုပေါင်း - အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော်
စီမံကိန်းလွှမ်းခြုံသည့် မြို့နယ်များ - ၅ မြို့နယ်
စီမံကိန်းကာလ - ၂၀၂၅–၂၀၂၆
မြန်မာနိုင်ငံအနှံ့ရှိ ရပ်ရွာလူထုအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်း
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရပ်ရွာလူထုအဖွဲ့များ၊ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အသင်း၏ လုပ်ငန်းအတွေ့အကြုံများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီရေးလုပ်ငန်းများ ပါဝင်ပါသည်။
စီမံကိန်းအကောင်အထည်ဖော်ခြင်းနှင့် ရပ်ရွာလူထုအခြေပြု လုပ်ငန်းများ
မန္တလေးတိုင်းဒေသကြီးအတွင်း ဘဝအလင်းဖွံ့ဖြိုးရေးအသင်း၏ ၂၀၂၅–၂၀၂၆ ခုနှစ် ငလျင်ဘေးတုံ့ပြန်ကူညီရေးစီမံကိန်းများသည် ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ စဉ့်ကိုင်နှင့် ကျောက်ဆည်မြို့နယ် စုစုပေါင်း (၅) မြို့နယ်ကို လွှမ်းခြုံထားပါသည်။
ထို့အပြင် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ပျားမွေးမြူရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများလည်း ရှိပါသည်။
စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ
စီမံကိန်းအခြေပြု လုပ်ငန်းများအပြင် ဘဝအလင်းဖွံ့ဖြိုးရေးအသင်းသည် ဒေသခံအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား သင်တန်းပို့ချခြင်း၊ အကဲဖြတ်ဆန်းစစ်ခြင်း၊ ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သင်ယူမှု (MEAL)၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ခဲ့ပါသည်။
အသင်း၏ ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာလုပ်ငန်းအတွေ့အကြုံများတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားဒေသများ ပါဝင်ပါသည်။ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုအမျိုးအစားနှင့် ဆောင်ရွက်ခဲ့သည့်ကာလများ ကွာခြားနိုင်ပြီး ဖော်ပြထားသော ဒေသအားလုံးတွင် အမြဲတမ်းရုံးခွဲများရှိခြင်း သို့မဟုတ် လက်ရှိစီမံကိန်းများကို တိုက်ရိုက်အကောင်အထည်ဖော်နေခြင်းဟု မဆိုလိုပါ။
ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှု လွှမ်းခြုံနယ်မြေ
စီမံကိန်းအကောင်အထည်ဖော်သည့် နေရာများ အတွေ့အကြုံရှိ လုပ်ငန်းဆောင်ရွက်ခဲ့သည့် အခြားဒေသများ
မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်မြောက်ပိုင်းဝ ကချင်ပြည်နယ်၊ တနင်္သာရီ၊ မကွေး၊ ရန်ကုန်နှင့် အခြားဒေသများ
သံတောင်ကြီးဒေသ၊ ကရင်ပြည်နယ်
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် မြန်မာနိုင်ငံအတွင်း ရပ်ရွာလူထုအခြေပြု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းတို့တွင် လုပ်ငန်းအတွေ့အကြုံများ ရှိပါသည်။
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်း၏ အဓိကစီမံကိန်းများနှင့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများသည် ဒေသခံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ထိခိုက်လွယ်သော ရပ်ရွာလူထုများအား ပံ့ပိုးကူညီရေး၊ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်း တိုးတက်မြင့်မားလာစေရေးတို့အပေါ် အသင်း၏ ကတိကဝတ်ကို ထင်ဟပ်စေပါသည်။
အဓိကစီမံကိန်းများနှင့် လုပ်ငန်းနယ်ပယ်များ
စီမံကိန်း / လုပ်ငန်းနယ်ပယ် |
ဆောင်ရွက်သည့်ဒေသ / လွှမ်းခြုံမှု |
အဓိကလုပ်ငန်းဆောင်ရွက်မှုများ |
မြန်မာနိုင်ငံ ငလျင်ဘေးတုံ့ပြန်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး |
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့နယ်များ အပါအဝင် |
အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန် ကူညီရေး၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ရပ်ရွာလူထုအား ပံ့ပိုးကူညီရေး |
ပျားမွေးမြူရေးနှင့် ဒေသခံ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး |
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ |
တောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသထွက်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက် ချိတ်ဆက်နိုင်မှု မြှင့်တင်ရေး |
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး |
တိုင်းဒေသကြီးနှင့် ပြည်နယ်များ |
အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သင်ယူမှု (MEAL)၊ ထိခိုက်နစ်နာမှုများမှ တားဆီး ကာကွယ်ရေးဆိုင်ရာ စနစ်များ၊ စီမံကိန်းအဆိုပြုလွှာရေးသားခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး |
ကာကွယ်စောင့်ရှောက်ရေး နှင့် ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေး ဆိုင်ရာ ပံ့ပိုးကူညီမှုများ |
တိုင်းဒေသကြီးနှင့် ပြည်နယ်များ |
ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ ကျားမအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ တုံ့ပြန်ကူညီရေး၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အလွဲသုံးစားပြုမှုနှင့် ထိပါးနှောင့်ယှက်မှုများမှ ကာကွယ် တားဆီးရေး (PSEAH)၊ ထိခိုက် နစ်နာမှုများမှ တားဆီးကာကွယ်ရေး စနစ်များ၊ သက်ဆိုင်ရာ ဝန်ဆောင်မှု များသို့ ညွှန်းပို့လွှဲပြောင်းပေးရေးနှင့် ရပ်ရွာလူထု၏ တိုင်ကြားမှုနှင့် အကြံပြုချက်များ လက်ခံဆောင်ရွက် ရေးစနစ်များ |
ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး (WASH) နှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင် စွမ်း မြှင့်တင်ရေး |
စီမံကိန်းဦးတည်ဆောင်ရွက်သည့် ရပ်ရွာဒေသများ |
ဘေးကင်းသော သောက်သုံးရေ ရရှိရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ အသိပညာမြှင့်တင်ရေး၊ လူတိုင်းလက်လှမ်းမီ အသုံးပြု နိုင်သော မိလ္လာနှင့် သန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင် စွမ်း မြှင့်တင်ရေး |
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် မြန်မာနိုင်ငံအတွင်း ရပ်ရွာလူထုအခြေပြု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းတို့တွင် လုပ်ငန်းအတွေ့အကြုံများ ရှိပါသည်။
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်း၏ အဓိကစီမံကိန်းများနှင့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများသည် ဒေသခံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ထိခိုက်လွယ်သော ရပ်ရွာလူထုများအား ပံ့ပိုးကူညီရေး၊ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်း တိုးတက်မြင့်မားလာစေရေးတို့အပေါ် အသင်း၏ ကတိကဝတ်ကို ထင်ဟပ်စေပါသည်။
အဓိကစီမံကိန်းများနှင့် လုပ်ငန်းနယ်ပယ်များ
စီမံကိန်း / လုပ်ငန်းနယ်ပယ် |
ဆောင်ရွက်သည့်ဒေသ/ လွှမ်းခြုံမှု |
အဓိကလုပ်ငန်းဆောင်ရွက်မှုများ |
မြန်မာနိုင်ငံ ငလျင်ဘေး တုံ့ပြန်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး |
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့နယ်များ အပါအဝင် |
အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ရပ်ရွာလူထုအား ပံ့ပိုးကူညီရေး |
ပျားမွေးမြူရေးနှင့် ဒေသခံ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး |
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ |
တောင်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ချိတ်ဆက်နိုင်မှု မြှင့်တင်ရေး |
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး |
တိုင်းဒေသကြီးနှင့် ပြည်နယ်များ |
အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ စောင့်ကြည့် လေ့လာခြင်း၊ အကဲဖြတ်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သင်ယူမှု (MEAL)၊ ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေးဆိုင်ရာစနစ်များ၊ စီမံကိန်းအဆိုပြုလွှာရေးသားခြင်း၊ စီမံကိန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့် တင်ရေး |
ကာကွယ်စောင့်ရှောက်ရေး နှင့် ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေး ဆိုင်ရာ ပံ့ပိုးကူညီမှုများ |
တိုင်းဒေသကြီးနှင့် ပြည်နယ်များ |
ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ ဂျန်ဒါ အခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာ တုံ့ပြန်ကူညီရေး၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားပြုမှုနှင့် ထိပါးနှောင့်ယှက်မှုများမှ ကာကွယ်တားဆီးရေး (PSEAH)၊ ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ် ရေး စနစ်များ၊ သက်ဆိုင်ရာဝန်ဆောင်မှုများသို့ ညွှန်းပို့လွှဲပြောင်းပေးရေးနှင့် ရပ်ရွာလူထု၏ တိုင်ကြားမှုနှင့် အကြံပြုချက်များ လက်ခံဆောင်ရွက်ရေးစနစ် |
ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး (WASH) နှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင် စွမ်း မြှင့်တင်ရေး |
စီမံကိန်းဦးတည်ဆောင်ရွက်သည့် ရပ်ရွာဒေသများ |
ဘေးကင်းသောသောက်သုံးရေ ရရှိရေး၊ တစ်ကိုယ် ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး၊ လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော မိလ္လာနှင့် သန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေး |
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းသည် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများအား သင်တန်းပို့ချခြင်း၊ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ သုတေသနနှင့် အကဲဖြတ်ဆန်းစစ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
ဘဝအလင်းဖွံ့ဖြိုးရေးအသင်းသည် ပူးပေါင်းပါဝင်မှုရှိသော သင်တန်းများ၊ လက်တွေ့ကျသော သင်ယူဆွေးနွေးမှုများ၊ အဖွဲ့အစည်းဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှုများ၊ မူဝါဒရေးဆွဲရေးဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် နည်းပညာဆိုင်ရာ လမ်းညွှန်ပံ့ပိုးမှုများမှတဆင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များ အားကောင်းလာစေရန်၊ စီမံကိန်းလုပ်ငန်းများ၏ အရည်အသွေး မြင့်မားလာစေရန်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ တိုးတက်လာစေရန်နှင့် ဒေသခံများ ဦးဆောင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီလျက်ရှိပါသည်။
သင်တန်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု အဓိကနယ်ပယ်များ
|
နည်းပညာဆိုင်ရာ လုပ်ငန်းနယ်ပယ် |
ပို့ချခဲ့သော သင်တန်းများနှင့် ပံ့ပိုးကူညီမှုများ |
အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး |
အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (OD)၊ အဖွဲ့အစည်း အုပ်ချုပ်မှုစနစ်၊ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး၊ စီမံကိန်းအဆိုပြုလွှာရေးသားခြင်း၊ စီမံကိန်းစက်ဝန်း စီမံခန့်ခွဲမှု(PCM)၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်အားဖြည့်ခြင်း။ |
စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ် ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သင်ယူမှု (MEAL) |
စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သင်ယူမှု (MEAL)၊ ဘေးဒဏ်သင့်လူထုအပေါ် တာဝန်ခံယူမှု(AAP)၊ တိုင်ကြားချက်နှင့် အကြံပြုချက်များ လက်ခံဆောင်ရွက်ရေးစနစ်များ၊ စီမံကိန်းမစတင်မီ အခြေခံ အချက်အလက် ဆန်းစစ်လေ့လာမှုများ (Baseline Assessments)၊ စီမံကိန်းပြန်လည်သုံးသပ်မှုများနှင့် လုပ်ငန်းဆောင်ရွက်ပြီးနောက် ပြန်လည်သုံးသပ် အကဲဖြတ် မှုများ (After-Action Reviews)။ |
ကာကွယ်စောင့်ရှောက်ရေးနှင့် ထိခိုက်နစ်နာမှုများမှ တားဆီး ကာကွယ်ရေး |
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု(GBV)၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားပြုမှုနှင့် ထိပါးနှောင့်ယှက်မှုများမှ ကာကွယ် တားဆီးရေး (PSEAH)၊ ထိခိုက်နစ်နာမှုများမှ တားဆီး ကာကွယ်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခြင်းနှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများသို့ လွှဲပြောင်းချိတ်ဆက်ပေးရေး လုပ်ငန်းစဉ်များ(Referral Pathways)။ |
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများနှင့် အရေးပေါ်တုံ့ပြန်ကူညီရေး |
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံစံနှုန်း (CHS)၊ ထိခိုက်နစ်နာမှုမဖြစ်စေရေးမူ (Do No Harm)၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး(DRR)၊ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံရေး။ |
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဒေသခံအသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး |
စီးပွားရေးလုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း၊ ငွေကြေးဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး (Financial Literacy)၊ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များဆိုင်ရာ ဈေးကွက် စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး။ |
နည်းပညာဆိုင်ရာ လုပ်ငန်းနယ်ပယ် |
ပံ့ပိုးကူညီခဲ့သော အဖွဲ့အစည်းများနှင့် မိတ်ဖက်ကွန်ရက်များ |
ပို့ချပေးခဲ့သော သင်တန်းများနှင့် ပံ့ပိုးကူညီမှုများ |
ကာကွယ်စောင့်ရှောက်ရေး၊ ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေးနှင့် PSEAH |
DRC၊ MILI၊ MFPID၊ ZOA နှင့် ActionAid တို့၏ မိတ်ဖက်အဖွဲ့အစည်းများ၊ WaterAid ၏ မိတ်ဖက် အဖွဲ့အစည်းများ |
ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေးဆိုင်ရာသင်တန်းများ၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊ အလွဲ သုံးစားပြုမှုနှင့် ထိပါးနှောင့်ယှက်မှုများမှ ကာကွယ်တားဆီးရေး (PSEAH)၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး (CP)၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု (GBV)၊ တိုင်ကြားချက်နှင့် အကြံပြုချက်များ လက်ခံဆောင်ရွက်ရေး စနစ်များ။ |
တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများ |
Swe Tha Har၊ ZOA နှင့် NAG တို့၏ မိတ်ဖက်အဖွဲ့အစည်းများ |
ဘေးဒဏ်သင့်လူထုအပေါ် တာဝန်ခံယူမှု(AAP)၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဓိက စံနှုန်း(CHS)၊ ထိခိုက်နစ်နာမှုမဖြစ်စေရေးမူ (Do No Harm) နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct)။ |
စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခြင်း၊ ပြန်လည် သုံးသပ်ခြင်းနှင့် သင်ယူမှု (MEAL) |
MFPID၊ TLMM၊ ZOA နှင့် Metta Lat Kan |
MEAL ဆိုင်ရာ သင်တန်းများ၊ စီမံကိန်းအပြီး ပြန်လည်သုံးသပ်မှုများ။ |
ပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နှင့် စိတ်ကျန်းမာရေး၊ စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုး ကူညီမှု (MHPSS) |
NAG ၏ မိတ်ဖက် အဖွဲ့အစည်းများ |
အရေးပေါ်အခြေအနေများအတွင်း ပညာရေး (EiE)၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး (CPHA)၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (UNCRC)၊ စိတ်ကျန်းမာရေး နှင့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS)၊ ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီမှု (PFA) နှင့် လူမှုရေး၊ စိတ်ခံစားမှုဆိုင်ရာ လေ့လာသင်ယူမှု (SEL)။ |
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ငွေကြေး ဆိုင်ရာ ကျွမ်းကျင်မှုများ |
TdH-L နှင့် SNV တို့၏ မိတ်ဖက်အဖွဲ့အစည်းများ၊ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ |
ငွေကြေးဆိုင်ရာ အသိပညာမြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး။ |
အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ ကွန်ရက် ချိတ်ဆက်မှုနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေး |
ActionAid ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံ CSO ကွန်ရက်များ |
CSO ကွန်ရက်များ ချိတ်ဆက်ညှိနှိုင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာ စေရန် ပံ့ပိုးခြင်းနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး။ |
စီမံကိန်းအဆိုပြုလွှာရေးသားခြင်းနှင့် အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေး |
USIP နှင့် ACTED တို့၏ မိတ်ဖက်အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံ အဖွဲ့များနှင့် ဒေသခံ CSOs များ |
စီမံကိန်းအဆိုပြုလွှာရေးသားခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ။ |
ဒေသခံများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်သော လုပ်ငန်းများမှတစ်ဆင့် ထိခိုက်လွယ်သော ရပ်ရွာလူထုများအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများ မည်သို့ဖော်ဆောင်နေသည်ကို လေ့လာကြည့်ရှုလိုက်ပါ။
ကျွန်ုပ်တို့၏ လုပ်ငန်းများကို လေ့လာရန်
ဘဝအလင်း ဖွံ့ဖြိုးရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့၏ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီလိုပါက ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
Email: info@life-dev.org
Website: www.life-dev.org