ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများ

အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများနှင့် အကူအညီလိုအပ်နေသော ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး၊ ရပ်ရွာဖွံ့ဖြိုးရေး၊ သုတေသန၊ သင်တန်းပို့ချရေး၊ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အတူတကွ အကောင်အထည်ဖော်လျက်ရှိပါသည်။

 

မိတ်ဖက်အဖွဲ့အစည်း အမျိုးအစားများ

အလှူရှင်အဖွဲ့အစည်းများ (Donors)

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များအတွက် ပံ့ပိုးကူညီပေးပါသည်။

 

နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု

ကျွန်ုပ်တို့၏ လုပ်ငန်းများကို နိုင်ငံတကာအလှူရှင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့တွင် -

  • New Zealand Embassy
  • DEC (UK) — Disasters Emergency Committee
  • ADH (Germany) — Aktion Deutschland Hilft
  • CCK (Korea) — Community Chest of Korea
  • AHP (Australia) — Australian Humanitarian Partnership

အကောင်အထည်ဖော်ရေး မိတ်ဖက်အဖွဲ့အစည်းများ 

ရပ်ရွာလူထုအခြေပြု စီမံကိန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပါသည်။

နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူများ  

သုတေသန၊ သင်တန်းပို့ချရေး၊ လိုအပ်ချက်ဆန်းစစ်အကဲဖြတ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် စီမံကိန်းအရည်အသွေး မြှင့်တင်ရေးတို့တွင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီပေးပါသည်။

ဒေသခံ ကွန်ရက်များ

ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှု၊ ဒေသခံများ၏ ကိုယ်ပိုင်အဖြစ်ခံယူဦးဆောင်မှုနှင့် ရေရှည်တည်တံ့သော ဖြေရှင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ပူးပေါင်းဆောင်ရွက်ပါသည်။