What we do

Life Development Organization supports vulnerable and marginalized communities through humanitarian response, development programming, research, training, and technical assistance. Our work focuses on strengthening local capacities, promoting collaboration, and supporting community-led solutions that contribute to dignity, resilience, and sustainable livelihoods.

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

 

လိုက်ဖ်ဖွံ့ဖြိုးရေးအသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီမှု၊ ဖွံ့ဖြိုးရေးအစီအစဉ်၊ သုတေသန၊ လေ့ကျင့်ရေးနှင့် နည်းပညာအကူအညီများမှတဆင့် ထိခိုက်လွယ်ပြီး ဘေးဖယ်ခံထားရသော ရပ်ရွာလူထုအဖွဲ့များကို ပံ့ပိုးပေးပါ သည်။ ကျွန်ုပ်တို့၏လုပ်ငန်းသည် ဒေသတွင်းစွမ်းဆောင်ရည်များ အားကောင်းလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဂုဏ်သိက္ခာ၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူပြုသည့် ရပ်ရွာလူထုဦးဆောင်သော ဖြေရှင်းနည်းများကို ပံ့ပိုးပေးခြင်းအပေါ် အာရုံ စိုက်ပါသည်။

1. Humanitarian Response and Recovery

 

We support communities affected by crisis, displacement, disaster, and other emergencies through timely response, recovery assistance, and resilience-building support.

 

Key services:

  • Emergency preparedness and response
  • Rapid needs assessments
  • Multi-purpose cash assistance
  • Recovery and resilience support
  • Community-based response support

၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီမှုနှင့် ပြန်လည်ထူထောင်ရေး

 

ကျွန်ုပ်တို့သည် အကျပ်အတည်း၊ နေရာရွှေ့ပြောင်းမှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်အခြေအနေများကြောင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုအဖွဲ့များကို အချိန်မီတုံ့ပြန်ကူညီမှု၊ ပြန်လည်ထူထောင်ရေးအကူအညီနှင့် ကြံ့ကြံခံနိုင်စွမ်းရှိမှုတည်ဆောက်ရေး ပံ့ပိုးမှုများမှတဆင့် ပံ့ပိုးပေးပါသည်။

 

အဓိကဝန်ဆောင်မှုများ-

  • အရေးပေါ်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ကူညီမှု
  • အမြန် လိုအပ်ချက်များကို အကဲဖြတ်ခြင်း

  • ဘက်စုံသုံး ငွေသားအကူအညီ
  • ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး ပံ့ပိုးမှု
  • ရပ်ရွာအခြေပြု တုံ့ပြန် ပံ့ပိုးကူညီမှု

2. Research, Assessment and Learning

 

We provide evidence-based research, assessments, reviews, and learning support to improve program quality and decision-making.

 

Key services:

  • Needs assessments
  • Baseline and endline studies
  • After-action reviews
  • Project end reviews
  • Technical analysis and reporting

၂။ သုတေသန၊ အကဲဖြတ်ခြင်းနှင့် သင်ယူခြင်း

 

ကျွန်ုပ်တို့သည် ပရိုဂရမ်အရည်အသွေးနှင့် ဆုံးဖြတ်ချက်များချခြင်းကို မြှင့်တင်ရန်အတွက် အထောက်အထားအခြေပြု သုတေသန၊ အကဲဖြတ်မှုများ၊ သုံးသပ်ချက်များနှင့် သင်ယူမှုပံ့ပိုးမှုများကို ပံ့ပိုးပေးပါသည်။

 

အဓိကဝန်ဆောင်မှုများ-

  • လိုအပ်ချက်များ အကဲဖြတ်မှုများ
  • အခြေခံအချက်များနှင့် စီမံချက်အဆုံးပိုင်း လေ့လာမှုများ
  • လုပ်ငန်းလုပ်ဆောင်ပြီးနောက် သုံးသပ်ချက်များ
  • စီမံချက်အဆုံး သုံးသပ်ချက်များ
  • နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံခြင်း

 

3. Protection and Safeguarding

 

We help strengthen safe, inclusive, and accountable programming for vulnerable groups, women, children, and marginalized communities.

 

Key services:

  • PSEAH support
  • GBV awareness and referral support
  • Child protection support
  • Community accountability mechanisms
  • Safeguarding policy support

၃။ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ခြင်း

 

ကျွန်ုပ်တို့သည် ထိခိုက်လွယ်သောအုပ်စုများ၊ အမျိုးသမီးများ၊ ကလေးများနှင့် ဘေးဖယ်ခံထားရသော ရပ်ရွာလူထုအဖွဲ့များအတွက် ဘေးကင်းလုံခြုံသော၊ အားလုံးပါဝင်နိုင်သော၊ တာဝန်ခံမှုရှိသော အစီအစဉ်များကို အားကောင်းစေရန် ကူညီပေးပါသည်။

 

အဓိကဝန်ဆောင်မှုများ-

  • လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားလုပ်မှု၊ ထိပါးနှောင့်ယှက်မှုတို့မှ တားဆီးကာကွယ်ခြင်း(PSEAH) ပံ့ပိုးကူညီမှု
  • ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးမှုနှင့် လွှဲပြောင်းပေးပို့မှု ပံ့ပိုးကူညီမှု

  • ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့
  • ရပ်ရွာလူထု တာဝန်ခံမှု ယန္တရားများ

  • ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေး မူဝါဒ ထောက်ပံ့ကူညီမှု

4. Capacity Strengthening and Training

 

We strengthen the skills, systems, and confidence of local organizations, community groups, and frontline workers.

 

Key services:

  • Training design and facilitation
  • Project cycle management

  • Organizational development
  • Coaching and mentoring
  • Technical assistance

၄။ စွမ်ဆောင်ရည်မြှင့်တင်ရေးနှင့် လေ့ကျင့်ရေး

 

ကျွန်ုပ်တို့သည် ဒေသတွင်းအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအဖွဲ့များနှင့် ရှေ့တန်းမှ လုပ်ဆောင်နေကြသော လုပ်သားများ၏ ကျွမ်းကျင်မှု၊ စနစ်များနှင့် ယုံကြည်မှုကို အားကောင်းစေသည်။

 

အဓိကဝန်ဆောင်မှုများ-

  • လေ့ကျင့်ရေးဒီဇိုင်းနှင့် ပံ့ပိုးကူညီမှု
  • စီမံချက်စက်ဝန်း စီမံခန့်ခွဲမှု
  • အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
  • နည်းလမ်းပြခြင်းနှင့် လမ်းညွှန်ပေးခြင်း
  • နည်းပညာဆိုင်ရာ အကူအညီပေးခြင်း

5. Sector Support

 

We provide practical support across key sectors that contribute to dignity, well-being, and sustainable livelihoods.

 

Key services:

  • Agriculture and livelihoods
  • Health and psychosocial support
  • Education and child-focused support
  • WASH promotion
  • Food and Non-Food Item(NFI) support

၅။ ကဏ္ဍအလိုက် ပံ့ပိုးကူညီမှု

 

ဂုဏ်သိက္ခာ၊ ကျန်းမာပျော်ရွှင်မှုနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူပြုသည့် အဓိက ကဏ္ဍများတွင် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးပါသည်။


အဓိကဝန်ဆောင်မှုများ-

  • စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
  • ကျန်းမာရေးနှင့် စိတ်-လူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု
  • ပညာရေးနှင့် ကလေးသူငယ်များကို အဓိကထား ပံ့ပိုးကူညီခြင်း
  • ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး မြှင့်တင်ခြင်း
  • အစားအစာနှင့် အစားအစာမဟုတ်သော ပစ္စည်း(NFI)များ ပံ့ပိုးကူညီမှု

Call to Action

Work with Life to deliver protection, WASH, livelihoods, capacity strengthening, and community resilience programs.

 

Start a Partnership

Email: info@life-dev.org
Website: www.life-dev.org